ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များ
ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုလုပ်ငန်းစဉ်၌ အောက်ဖော်ပြပါအတိုင်း အမျိုးအစား(၅)မျိုးခွဲခြားနိုင်ပါသည်။
- ခွဲခြားသတ်မှတ်ခြင်း
- တိုင်းတာခြင်း
- ထိန်းချုပ်ခြင်း
- စောင့်ကြည့်ခြင်း
- စောင့်ကြည့်ခြင်း
မြန်မာ့ခရီးသွားဘဏ်လီမိတက်ရှိ ဘဏ်ခွဲများနှင့် ဌာနများအားလုံးသည် ဤဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု လုပ်ငန်း စဉ်များနှင့်အညီ ဘဏ်လုပ်ငန်းများကိုဆောင်ရွက်ရမည်ဖြစ်ပါသည်။
မြန်မာ့ခရီးသွားဘဏ်၏ Risk Management Policy အား Risk Management Department သည်-
- မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တိုက်ဖျက် ရေး ဆုံးရှုံးနိုင်ခြေအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လမ်းညွှန်ချက် (၂၀၁၅ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်)၊
- မြန်မာနိုင်ငံတော်ဗဟိုဘဏ် ညွှန်ကြားချက်အမှတ်(၁၈/၂၀၁၉) ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်း ညွှန်ကြားချက် (၂ဝ၁၉ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်)၊
- မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်များ၏ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစဉ်များအပေါ် လမ်းညွှန်ချက် (၂ဝ၂ဝခုနှစ်၊ နိုဝင်ဘာလ ၂ဝရက်)၊
- ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ ညွှန်ကြားချက်အမှတ်(၂/၂ဝ၂ဝ)၊
တို့အပေါ်အခြေခံ၍ ထပ်မံထုတ်ပြန်ထားသည့်ဥပဒေများ၊ ညွှန်ကြားချက်များ၊ အမှာစာများနှင့်အညီ ပြုစုရေးဆွဲထားခြင်းဖြစ်ပါသည်။