စာရင်းစစ်ကော်မတီ
ငွေရေးကြေရေးအဖွဲ့အစည်းများဥပဒေ ပုဒ်မ ၈၅ (က)(ခ)(ဂ) အရ စာရင်းစစ်ကော်မတီအား အဖွဲ့ဝင် (၅)ဦးဖြင့် ဖွဲ့စည်းထားပါသည်။
ကော်မတီ၏ တာ၀န်နှင့် လုပ်ပိုင်ခွင့်များ
- စာရင်းရေးသွင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ထိန်းချုပ်မှုများ သတ်မှတ်ရန်
- ယင်းလုပ်ထုံးလုပ်နည်းများအား လိုက်နာဆောင်ရွက်မှု ရှိ-မရှိ သတ်မှတ်ရန်
- ဘဏ်၏ ငွေစာရင်းနှင့် မှတ်တမ်းများကို စစ် ဆေးရန်နှင့် ဘဏ်တွင်းစာရင်းစစ်အဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များ၊ ယင်းတွေ့ရှိချက်များအပေါ် လက်တွေ့ အကောင်အထည်ဖော်မှုအ ခြေအနေ စသည်တို့အား စစ်ဆေးရန်
- ဘဏ်နှင့် သက်ဆိုင်သည့် ဥပဒေ၊ စည်းမျဉ်းများကို လိုက်နာဆောင်ရွက်မှု ရှိ-မရှိ စောင့်ကြည့်ကွပ်ကဲရန်
- ထိုသို့ စောင့်ကြည့်ကွပ်ကဲမှုကို ဒါရိုက်တာအဖွဲ့သို့ အစီရင်ခံရန်
- ဒါရိုက်တာအဖွဲ့သို့ တင်ပြသည့် ကိစ္စတစ်ရပ်ရပ်အပေါ် အကြပြုချက်တောင်းခံလျှင် အကြံပြုချက်ပေးရန်
- အစည်းအဝေးသုံးလတစ်ကြိမ် ပုံမှန်ကျင်းပရန်
- ဒါရိုက်တာအဖွဲ့က အစည်းဝေးတတ်ရောက်ရန် ဖိတ်ခေါ်သည့် အခါတိုင်းတတ်ရောက်ရန်
- အထွေထွေအစည်းအဝေး၌ စာရင်းစစ်ကော်မတီ အစီရင်ခံစာ တင်ပြရန်
- အထွေထွေအစည်းအဝေး၌ သင့်လျော်သော ပြင်ပစာရင်းစစ်ခန့်အပ်ရေး အကြံပြုတင်ပြရန်
- ဘဏ်တွင် စာရင်းကိုင်စံ (Accounting Standard) နှင့်အညီ စာရင်းတင်သွင်းရေးနှင့် (Financial Reporting Standard) နှင့်အညီ ဘဏ္ဍရေးရှင်းတမ်းများထုတ်ပြန်ရေးအတွက် ပံ့ပိုးဆောင်ရွက်ရန်