page-loading

ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လှုပ်ရှားဆောင်ရွက်ခြင်း

မြန်မာ့ခရီးသွားဘဏ်သည် မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်ရေးနှင့် ကုသရေး လုပ်ငန်းများကို ကူညီထောက်ပံ့ရန် ကွဲပြားခြားနားသော နည်းလမ်းများဖြင့် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ COVID-19 ကာကွယ်ရေး အသိပညာပေး လုပ်ငန်းစဉ်များတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ခဲ့ပြီး ရန်ကုန်မြို့နှင့် အခြားဒေသများရှိ ဆေးရုံများသို့ ကုသရေးအထောက်အပံ့များ၊ ရောဂါကာကွယ်ရေး သုံးပစ္စည်းများကို လှူဒါန်းခဲ့ပါသည်။ အဆိုပါ လှူဒါန်းမှုများသာမက မြန်မာ့ခရီးသွာဘဏ်သည် ၎င်း၏ ဌာန၊ ဘဏ်ခွဲအသီးသီးရှိ ဝန်ထမ်းများအတွက် COVID-19 ကာကွယ်ရေး နှာခေါင်းစီး၊ လက်အိတ်၊ အားဆေးများနှင့် ဆေးဝါးများ ကူညီထောက်ပံ့ပေးခဲ့ပါသည်။

06 November 2024

နောက်ဆုံးရသတင်းများ

csr-bl
သွေးလှူဒါန်းခြင်း (ဩဂုတ်-၂၀၂၄)

MTB Pay Digital Wallet ဝန်ဆောင်မှု စတင်မိတ်ဆက်သည့်ဂုဏ်ပြုအထိမ်းအမှတ် အနေဖြင့် မြန်မာ့ခရီးသွားဘဏ် (ရုံးချုပ်) အကြီးအကဲများ နှင့် ဝန်ထမ်းများမှ ၂၀၂၄ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ နေ့လည်ပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားသွေးလှူဌာန၌ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွက် အဓိပ္ပာယ်ပြည့်ဝသော လှူဒါန်းမှုတစ်ရပ်အဖြစ် စုပေါင်း သွေးလှူဒါန်းခဲ့ကြပါသည်။

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow
csr-bl
သဘာဝဘေးကယ်ဆယ်ရေးအလှူဒါန

၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက်နေ့များအတွင်း မြန်မာ့ခရီးသွားဘဏ်၏ အမှုဆောင်အရာရှိချုပ် ဦးဝင်းလွင်နှင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့ရှိ ဘဏ်ခွဲအသီးသီးမှ စေတနာ့ဝန်ထမ်းများသည် ရေဘေးသင့် ဒေသများသို့ အစားအသောက်၊ ဆေးဝါးနှင့် လိုအပ်သော ပစ္စည်းများအား ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းခဲ့ကြပါသည်။ နေပြည်တော် (အောင်စည်သာကျောင်း) အတွင်းမှ အရေးပေါ် ကယ်ဆယ်ရေးစခန်းများရှိ ရေဘေးဒဏ်သင့် ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များနှင့် ကျေးရွာများမှ ပြည်သူများ စုစုပေါင်း (၉,၅၀၀) ဦးအတွက် အစားအစာနှင့် အရေးအပေါ်အထောက်အပံ့များ လှူဒါန်းခဲ့ကြပါသည်။ အရေးပေါ်အကူအညီလိုအပ်နေသည့် ဒေသများဖြစ်သည့် ကျီးအင်းကျေးရွာ၊ လှေကွင်းတောင်၊ မရှိခန ဘုရားကြီးနှင့် တပ်ကုန်း စသည့် နေရာများထိအရောက် သွားရောက်ပြီး ကူညီကယ်ဆယ်ရေး အထောက်အပံ့များလည်း ပေးအပ်လှူဒါန်းခဲ့ကြပါသည်။ မြန်မာ့ခရီးသွားဘဏ်အနေဖြင့် ရေးဘေးကူညီကယ်ဆယ်ရေးဆောင်ရွက်နေကြသည့် ပရဟိတ အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများသို့ လည်း ငွေကြေး လှူဒါန်းမှုများ ပြုလုပ်ခဲ့ ကြပါသည်။ မြန်မာ့ခရီးသွားဘဏ်သည် ကော်ပိုရိတ်ဆိုင်ရာ လူမှုတာဝန်ယူမှုဆောင်ရွက်မှုများအနေဖြင့် အခြားသော သဘာဝဘေးဆိုင်ရာကူညီ ကယ်ဆယ်ရေး လုပ်ငန်းများအား ဆက်လက် ပံ့ပိုးကူညီဆောင်ရွက်သွားရန် သံဓိဌာန်ချထားပြီးဖြစ်ပါသည်။

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow
csr-bl
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဆောင်ရွက်ရေးကဏ္ဍ

၂၀၂၄ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် မြန်မာ့ခရီးသွားဘဏ်သည် ဦးစီးပဓာန၊ နာယက ဆရာတော် ဒေါက်တာ အရှင်ပညောဘာသ၏ ပန်းပျိုးလက် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းရှိ ရဟန်းသံဃာများနှင့် ကလေးများအတွက် လိုအပ်သော အစားအသောက်၊ လှူဖွယ်ဝတ္တုငွေ၊ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများပေးအပ် လှူဒါန်းခဲ့ပါသည်။ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အလေးထားလှုပ်ရှားဆောင်ရွက်မှုအနေဖြင့် (ဝါးပင် ၇၀၀ နှင့် အာကေးရှား ၁၃၀၀ ပင်)အပါအဝင် အပင် ၂၀၀၀ ကို စိုက်ပျိုးလှူဒါန်းမှုပြုခဲ့ပါသည်။ လူမှုအသိုက်အဝန်းအတွင်း အပြန်အလှန်အလေးထားခြင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ကလေးများမှ ဇွန်လတွင် မွေးဖွားသည့် MTB ဝန်ထမ်းများ၏ မွေးနေ့အား တစုတစည်းတည်း ကျင်းပခဲ့ခြင်းဖြင့် အပြန်အလှန်ဂရုပြုသော လူမှုအသိုင်းအဝိုင်း စိတ်ဓာတ်နှင့် ဘဏ်၏ လူမှုရေးနှင့် ပညာရေး ကဏ္ဍများအပေါ် အလေးထားဆောင်ရွက်မှု အပေါ် တုန့်ပြန်ထင်ဟပ်စေခဲ့ပါသည်။

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow