သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဆောင်ရွက်ရေးကဏ္ဍ
၂၀၂၄ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် မြန်မာ့ခရီးသွားဘဏ်သည် ဦးစီးပဓာန၊ နာယက ဆရာတော် ဒေါက်တာ အရှင်ပညောဘာသ၏ ပန်းပျိုးလက် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းရှိ ရဟန်းသံဃာများနှင့် ကလေးများအတွက် လိုအပ်သော အစားအသောက်၊ လှူဖွယ်ဝတ္တုငွေ၊ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများပေးအပ် လှူဒါန်းခဲ့ပါသည်။
- မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အလေးထားလှုပ်ရှားဆောင်ရွက်မှုအနေဖြင့် (ဝါးပင် ၇၀၀ နှင့် အာကေးရှား ၁၃၀၀ ပင်)အပါအဝင် အပင် ၂၀၀၀ ကို စိုက်ပျိုးလှူဒါန်းမှုပြုခဲ့ပါသည်။
- လူမှုအသိုက်အဝန်းအတွင်း အပြန်အလှန်အလေးထားခြင်း
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ကလေးများမှ ဇွန်လတွင် မွေးဖွားသည့် MTB ဝန်ထမ်းများ၏ မွေးနေ့အား တစုတစည်းတည်း ကျင်းပခဲ့ခြင်းဖြင့် အပြန်အလှန်ဂရုပြုသော လူမှုအသိုင်းအဝိုင်း စိတ်ဓာတ်နှင့် ဘဏ်၏ လူမှုရေးနှင့် ပညာရေး ကဏ္ဍများအပေါ် အလေးထားဆောင်ရွက်မှု အပေါ် တုန့်ပြန်ထင်ဟပ်စေခဲ့ပါသည်။