မြန်မာ့ခရီးသွားဘဏ် (MTB) အား ငွေရေးကြေးရေးအဖွဲ့အစည်းများဉပဒေနှင့်အညီ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် ၂၀၁၉ ခုနှစ်၊ မေလ (၆) ရက်နေ့ တွင်ကူးသန်းရောင်းဝယ်ရေးဘဏ် တစ်ခုအဖြစ် တည်ထောင်ဖွင့်လှစ်ခဲ့ပါသည်။ ဘဏ်ရုံးချုပ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းမကြီးပေါ်တွင် အချက်အခြာကျကျတည်ရှိပြီး လေးစားတန်ဘိုးထားရသော ကပ်စတန်မာများ အတွက် အဆင်ပြေလွယ်ကူစွာဝန်ဆောင်မှုအာမခံချက်များပေးနိုင်စေရေးအတွက် နိုင်ငံအဝှမ်း ဘဏ်ခွဲပေါင်း (၁၇) ခုထိ ဖွင့်လှစ်ထားရှိ ဝန်ဆောင် မှုပေးလျက်ရှိပါသည်။
- မြန်မာ့ခရီးသွားဘဏ်အနေဖြင့် စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအရေးပါသော အခန်းကဏ္ဍတစ်ခုဖြစ်သည့် ခရီးသွားလုပ်ငန်းကဏ္ဍမှ စီးပွားရေးလုပ်ငန်းလိုအပ်ချက်များနှင့် အံဝင်ခွင်ကျဖြစ်စေမည့် ငွေရေးကြေးရေးဆိုင်ရာဝန်ဆောင်မှုများ၊ နည်းလမ်းများအား အထူးအလေးထား ဆောင်ရွက်လျက်ရှိပါသည်။ ခရီးသွားလုပ်ငန်းများမှတွေ့ကြုံရသည့် မတူကွဲပြားသော စိန်ခေါ်မှုနှင့် အခွင့်အလမ်းများကို သိရှိနားလည်လျက် မိမိတို့ ဘဏ်အနေဖြင့် ယင်းတို့နှင့် ဆက်နွယ်သော စီးပွားရေးလုပ်ငန်းများ၏ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များအတွက် ဉီးစားပေးမိတ်ဖက်ဘဏ်အဖြစ်လည်း အထူးအာရုံထား ဆောင်ရွက်လျက်ရှိပါသည်။
- ခရီးသွားလုပ်ငန်းကဏ္ဍအပေါ် အလေးထားဆောင်ရွက်ရုံမျှမက အခြားသော ကဏ္ဍအသီးသီးမှ စီးပွားရေးလုပ်ငန်းများ၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ဝန်ဆောင်မှုပုံစံအမျိုးမျိုးကိုလည်း တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိပါသည်။ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း များသည် စီးပွားရေးလုပ်ငန်းတစ်ရပ်လုံး၏ ပင်မကျောရိုးအဖြစ် မိမိတို့ယုံကြည်သည်နှင့်အညီ မြန်မာ့ခရီးသွားဘဏ်အနေဖြင့် အဆိုပါလုပ်ငန်းများ အောင်မြင်ကြီးပွား တိုးတက်ရေးအတွက် လိုအပ်သည့် ငွေရေးကြေးရေးဆိုင်ရာ အရင်းအမြစ်များနှင့် ကျွမ်းကျင်မှုများဖြင့် အစွမ်းကုန် ပူးပေါင်းပံ့ပိုး ဆောင်ရွက်ပေးရန် အလေးပေးဆောင်ရွက်လျက်ရှိပါသည်။