
Personal Banking
Business Banking
Digital Banking
Personal Banking
Business Banking
Digital Banking
ဆက်သွယ်ဆောင်ရွက်သူများမှ ဘဏ်သို့လာရောက်၍ ငွေကြေးပေးသွင်းခြင်း၊ ထုတ်ခြင်း နှင့် လွှဲပြောင်းခြင်းဆိုင်ရာ ဘဏ်လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သတ်ပြီး ငွေကြေး ပမာဏ မည်မျှပင် ဖြစ်စေကာမူ ငွေကြေးခဝါချမှု သို့မဟုတ် အကြမ်းဖက်မှုငွေကြေးထောက်ပံ့မှုနှင့် ဆက်နွယ်ပတ်သက် သည်ဟုသော်လည်းကောင်း သို့မဟုတ် အကြမ်းဖက်ငွေကြေးထောက်ပံ့မှုတို့အတွက် အသုံးပြုခြင်း ၊ အသုံး ပြုရန်ရှိသည်ဟုလည်းကောင်း သံသယဖြစ်ဖွယ်ရာအကြောင်းရှိလျှင် သံသယဖြစ်ဖွယ် ဆောင်ရွက် ချက် များအဖြစ် စုစည်းပြီး အလုပ်လုပ်ရက် ၃ ရက် ထက်နောက်မကျစေဘဲ ငွေကြေးဆိုင်ရာစုံစမ်း ထောက် လှမ်းရေးအဖွဲ့မှ သတ်မှတ်ထားသည့် သတင်းပို့ပုံစံ အတိုင်း ပေးပို့ရမည်။
မြန်မာ့ခရီးသွားဘဏ်လီမိတက်၊ ဘဏ်ဝန်ထမ်းတိုင်းသည် အောက်ဖော်ပြပါ AML/CFT ဆိုင်ရာ တာဝန် ဝတ္တရား များအကြောင်းကို သိရှိလိုက်နာဆောင်ရွက်ရမည်။
ဘဏ်ခွဲများနှင့် ဌာနများသည် ဘဏ်ဖောက်သည်၏ စာရင်းဆိုင်ရာသတင်းအချက်အလက်များ ကို ဘဏ်၌ လျှို့ဝှက်ထားရန် တာဝန်ရှိသော်လည်း ငွေကြေးတိုက်ဖျက်ရေးဥပဒေအရ ဘဏ်ဖောက်သည် ၏ ဆောင် ရွက် ချက် သည် သံသယဖြစ်ဖွယ်ပြောင်းလဲမှုဟု ယူဆ၍ STR အဖြစ် သတ်မှတ်သတင်းပို့ပါက မိမိ ၏ ဖောက်သည်ကို ထိခိုက်မှု ဖြစ်နိုင်သော်လည်း ဗဟိုဘဏ် သို့မဟုတ် FIU ဌာနတို့မှ တရားဝင်စုံစမ်း လာပါ က ထုတ်ဖော် ပြော ကြား နိုင်သည်။
ဘဏ်သည် AML/CFT နယ်ပယ်နှင့်ဆက်စပ်နေသည့် ကိစ္စရပ်များအားလုံးကို ဝန်ထမ်းများအား လေ့ကျင့် သင်တန်းပေးရန် ထိရောက်သည့်အစီအစဉ်များ ထားရှိရမည်။ ဆုံးရှုံးနိုင်ခြေအန္တရာယ်များကို လျော့ပါး အောင် ဆောင်ရွက်ရန်ချမှတ်သည့် နည်းလမ်းများ၏သဘောသဘာဝနှင့် ဘဏ်တွင်ဖြစ်ပေါ် နေ သော ML/TF ဆိုင်ရာ ဆုံးရှုံး နိုင်ခြေအန္တရာယ်များကို ဝန်ထမ်းများနားလည်သဘောပေါက်ရန် အရေး ကြီးသဖြင့် ဘဏ်တွင် ပါဝင် ဆောင် ရွက် နေသည့် ဝန်ထမ်းများအားလုံးကို အသိပညာဗဟုသုတ တိုးပွား စေရန် သင်တန်း များပေးရန်နှင့် အဆိုပါ သင်တန်း ပေးခြင်းကို ဝန်ထမ်းအသစ်များအတွက် လည်းကောင်း၊ ဝန်ထမ်း အားလုံး အတွက်လည်းကောင်း စဉ်ဆက် မပြတ် ဆောင်ရွက် သွားရမည်။ ဝန်ထမ်း များ အား လုံးအတွက် ပုံမှန်သင်တန်းများ၊ ဝန်ထမ်းများ၏ သီးခြား အဆင့်အလိုက် လေ့ကျင့် သင်တန်း ပေးမှု အစီအစဉ်များနှင့် ဒါရိုက်တာအဖွဲ့ဝင်များအတွက် AML/CFT အသိ ပညာပေးအစီအစဉ် များကို လည်းကောင်း ဆောင်ရွက်ပေးရမည်။