ဥပဒေရေးရာဌာန
မြန်မာ့ခရီးသွားဘဏ်၏ ဘဏ်လုပ်ငန်းများတွင် ဥပဒေရေးရာဌာနသည် နိုင်ငံတော်မှ ချမှတ်ထား သည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဥပဒေရေးရာစီမံခန့်ခွဲခြင်းများကို ဆောင်ရွက်ရသော ဌာနဖြစ်ပါ သည်။ ဥပဒေရေးရာစီမံခန့်ခွဲခြင်းတွင် ဥပဒေရေးရာထိခိုက်မှုများ မရှိစေရန် ကြိုတင်ကာကွယ်ခြင်းနှင့် ပြန်လည်ကုစားခြင်းတို့ ပါဝင်ပါသည်။
ဘဏ်၏ လုပ်ငန်းဝန်ဆောင်မှုများအား တည်ဆဲဥပဒေများနှင့်အညီဖြစ်စေရန်နှင့် ဘဏ်၏ အကျိုး စီးပွားကို ကာကွယ်စောင့်ရှောက်ရန်အတွက် ဘဏ်၏ဥပဒေရေးရာဌာနအား ဥပဒေပညာရှင်များဖြင့် ဖွဲ့စည်းတည်ထောင် ဆောင်ရွက်လျှက်ရှိပါသည်။
ဥပဒေရေးရာဌာန၏ အဓိကလုပ်ငန်းစဉ်များ
- မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ဝန်ကြီးဌာနများမှ ထုတ်ပြန်ထားသည့် ဥပဒေများ၊ နည်းဥပဒေ များကို လေ့လာခြင်း၊ စိစစ်ခြင်း၊ သုံးသပ်တင်ပြခြင်း၊ အကြံပေးခြင်း၊
- ဘဏ်၏ဌာနအသီးသီးမှ ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းများအတွက် NDA, MOU and Contract များအား စီစစ်ခြင်း၊ အကြံပြုချက်တင်ပြခြင်းနှင့် ရေးသားပြုစုခြင်း၊
- ချေးငွေဌာန၏ ဥပဒေရေးရာကိစ္စရပ်များဖြစ်သော ချေးငွေဆိုင်ရာစာချုပ်စာတမ်းများ၊ Operational ကိစ္စရပ် များတွင် ဥပဒေနှင့်ညီညွှတ်မှုရှိမရှိ စစ်ဆေးခြင်း လုပ်ငန်းစဉ်များ၊
- ချေးငွေလုပ်ငန်းစဉ်တွင်လည်းဥပဒေနှင့်အညီ ကြိုတင်အကာအကွယ်ဖြစ်စေရန် Tile Clearance ရေးသားခြင်း၊ ဘဏ်အကျိုးစီးပွားအတွက်အကာအကွယ်ဖြစ်စေရန် ဥပဒေအကြံပြုချက်များ ရေးသားပေးပို့ခြင်း၊
- ရှေ့နေနို့တစ်စာများ ပေးပို့ခြင်း၊ တရားမမှု ၊ ရာဇဝတ်မှုများကိုလည်း စီမံခန့်ခွဲ ဆောင်ရွက်ပေးခြင်း၊ ဘဏ်ပိုင်ငွေကြေးများ ဆုံးရှုံးမှု မရှိစေရေး ပြန်လည်ကုစားဆောင်ရွက်ပေးခြင်း၊
- Fraud Investigation ကိစ္စရပ်များဆောင်ရွက်ရန်လိုအပ်ပါက ဥပဒေရေးရာဌာနသည် အဓိက အခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် ဘဏ်၏လုံခြုံစိတ်ချနိုင်မှုစွမ်းရည်အား မြှင့်တင်ပေး ခြင်း၊
- ဘဏ်တစ်ခုလုံး၏ ဥပဒေရေးရာထိခိုက်မှုများမရှိစေရေးအတွက် ကြိုတင်ကာကွယ်ခြင်း၊ ပြန်လည်ကုစားခြင်း နှင့် ဥပဒေရေးရာ စီမံခန့်ခွဲခြင်း၊
- လုပ်ငန်းဆောင်ရွက်မှုများကို ဥပဒေရေးရာရှုထောင့်မှ ထောက်ပံ့ပေးခြင်းအားဖြင့် စီးပွားရေး ဌာန/ လုပ်ငန်းများအား ဥပဒေပါပြဋ္ဌာန်းချက်များကို သိရှိနားလည်စေပြီး ဘဏ်ဝင်ငွေရရှိစေရေး တစ်ဖက် တစ်လမ်းမှပံ့ပိုးဆောင်ရွက်ပေးခြင်း၊
- ဝန်ထမ်းများအား ဥပဒေဆိုင်ရာ အသိပညာများ တိုးတက်လာစေရန်နှင့် ဘဏ်၏ဥပဒေဆိုင်ရာ အန္တရာယ်များကို စီမံခန့်ခွဲနိုင်ရန် လေ့ကျင့်သင်ကြားခြင်းများ / အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးခြင်း၊
- ဘဏ်လုပ်ငန်းစဉ်များတွင် မသမာမှုများနှင့် အလွဲသုံးစားမှုများ ဖြစ်ပေါ်လာပါက ဥပဒေနှင့် စစ်ဆေးခြင်း၊ Legal Report တင်ပြခြင်း စသည့်တို့ကို ဆောင်ရွက်လျှက်ရှိပါသည်။
အထွေထွေ
ဥပဒေရေးရာဌာနသည် BOD မှ ပေးအပ်လာသည့်ဥပဒေရေးရာတာဝန်များကိုလည်း ထမ်းဆောင် လျှက်ရှိပါသည်။
General
The Legal Department also carries out legal affairs assigned by the BOD.