
Personal Banking
Business Banking
Digital Banking
Personal Banking
Business Banking
Digital Banking
ဘဏ်များသည် ယင်း၏မဟာဗျူဟာဆောင်ရွက်ချက်များနှင့် လုပ်ငန်းအစီအစဉ်များအောင်မြင်ရန် ရယူလို သော စုစုပေါင်းဆုံးရှုံးနိုင်ခြေအဆင့်ဆင့်နှင့် ဆုံးရှုံးနိုင်ခြေအန္တရာယ်အမျိုးအစားများအတွက် ယင်းတို့၏ဆုံးရှုံးနိုင်ခြေ အပေါ်စွမ်းဆောင်နိုင်မှုအတွင်း လက်ခံလိုသောဆုံးရှုံးနိုင်ခြေ (Risk Appetite)ကို ကြိုတင်ဆုံးဖြတ်၍ ချမှတ်ထားရ ပါမည်။
ငွေကြေးလွယ်ကူမှုဆိုင်ရာဆုံးရှံးနိုင်ခြေဆိုသည်မှာ ဘဏ်ကမျှော်လင့်ထားသော ငွေသားစီးဆင်းမှု လိုအပ်ချက် သာမက ငွေသားစီးဆင်းမှုလိုအပ်ချက်ကို ပြည့်မှီအောင်မဆောင်ရွက်နိုင်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆုံးရှုံးနိုင်ခြေကို ဆိုလိုခြင်းဖြစ်သည်။ဘဏ်များသည် ငွေကြေးလွယ်ကူမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေလက်ခံလိုမှု(Risk Appetite)အပြင် ဆုံးရှုံးနိုင်ခြေကို သတ်မှတ်ဖော်ထုတ်ခြင်း ၊ တိုင်းတာစစ်ဆေးခြင်း ၊ စောင့်ကြပ်ကြည့်ရှုခြင်း ၊ ထိန်းချုပ်ကွပ်ကဲခြင်းတို့အတွက် ချမှတ်ထားသောမူဝါဒများအား မှတ်တမ်းတင်ထားရမည်ဖြစ်ပြီး ဘဏ်၏မူဝါဒများ ကို ဒါရိုက်တာအဖွဲ့က အတည်ပြုပြီး အဆင့်မြင့်စီမံခန့်ခွဲသူများက ၎င်းတို့ကိုအကောင်အထည်ဖော် ဆောင်ရွက်ရ မည်ဖြစ်ပါသည်။
ဘဏ်များသည် ၎င်းတို့၏လုပ်ငန်းများဖြစ်သည့် ချေးငွေများ၊ ကုန်သွယ်မှုနှင့်သက်ဆိုင်သောချေးငွေ၊ ဘဏ္ဍာ ငွေနှင့်နိုင်ငံခြားသုံးငွေလဲလှယ်ရောင်းဝယ်ရေးလုပ်ငန်းများအပြင် ရင်းနှီးမြှပ်နှံမှုများ ၊ အခြားသောရရန်ပိုင်ခွင့်များနှင့် ယင်းတို့၏လက်ကျန်ရှင်းတမ်းတွင်မပါဝင်သော လုပ်ငန်းများတွင်ရှိသည့် အရေးပါသောချေးငွေဆိုင်ရာ ဆုံးရှုံးနိုင်ခြေ အရင်းအမြစ်များအားလုံးကို သတ်မှတ်ဖော်ထုတ်ရမည်။ဘဏ်များသည် ထုတ်ချေးလိုသည့် ချေးငွေအမျိုးအစားများ အပါအဝင်ချေးငွေဆိုင်ရာဆုံးရှုံးနိုင်ခြေကို သတ်မှတ်ဖော်ထုတ်ခြင်း ၊ တိုင်းတာစစ်ဆေးခြင်း ၊ စောင့်ကြပ်ကြည့်ရှုခြင်း၊ ထိန်းချုပ်ကွပ်ကဲခြင်းနှင့်ရရန်ပိုင်ခွင့်များကို အမျိုးအစားခွဲခြားခြင်းနှင့်လျာထားခြင်းတို့အတွက် ချမှတ်ထားသောမူဝါဒ များနှင့်လုပ်ထုံးလုပ်နည်းများကို စာတမ်းအမှတ်အသားများဖြင့် မှတ်တမ်းတင်ထားရမည်။
လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေဆိုသည်မှာ လုပ်ငန်းဆောင်ရွက်မှုများရှုပ်ထွေးခြင်း (Complex Operation)၊ ဌာနတွင်းကြီးကြပ်ကွပ်ကဲမှုများ(Internal Control)၊ လုပ်ငန်းစဉ်များနှင့်သတင်းအချက်အလက်ဆိုင်ရာ စနစ်များ(Process and Information System) လုံလောက်မှုမရှိခြင်း ၊ အဖွဲ့အစည်းဆိုင်ရာ ပြောင်းလဲခြင်း (Organizational Change)၊ လိမ်လည်မှု(Fraud)၊ လူတို့၏အမှားများ(Human Error)၊ အကြမ်းဖက်တိုက်ခိုက်မှုများ (Terrorist Attacks)နှင့် သဘာဝဘေးအန္တရာယ်(Natural Disaster)အပါအဝင် ကြိုတင်မမြင်နိုင်သော ရုတ်တရက် ဖြစ်ပွားနိုင်သည့် ကပ်ဘေးများ(Unforeseen Catastrophes)တို့ကြောင့် အရှုံးဖြစ်ပေါ်စေနိုင်သည့် ဆုံးရှုံးနိုင်ခြေကို ဆိုလိုခြင်းဖြစ်သည်။
ဈေးကွက်ဆိုင်ရာဆုံးရှုံးနိုင်ခြေဆိုသည်မှာ ဈေးကွက်ဈေးနှုန်းတွင် ဆိုးရွားစွာထိခိုက်နိုင်စေသော အတက်/ အကျများမှ ဘဏ်အပေါ်ဖြစ်ပေါ်စေနိုင်သည့် ဆုံးရှုံးနိုင်ခြေကိုဆိုလိုသည်။အထူးသဖြင့် ၎င်းတွင်အတိုးနှုန်းများ၊ နိုင်ငံ ခြားငွေလဲလှယ်နှုန်းများ ၊ ရှယ်ယာများ ၊ အခြားသောစာချုပ်စာတမ်းများနှင့် ကုန်ပစ္စည်းဈေးနှုန်း ပြောင်းလဲခြင်းများ ပါဝင်သည်။ဘဏ်များသည်ဈေးကွက်ဆိုင်ရာ ဆုံးရှုံးနိုင်ခြေလက်ခံလိုမှုအပြင် ဆုံးရှုံးနိုင်ခြေကို သတ်မှတ်ဖော်ထုတ် ခြင်း ၊ တိုင်းတာစစ်ဆေးခြင်း ၊ စောင့်ကြပ်ကြည့်ရှုခြင်း ၊ ထိန်းချုပ်ကွပ်ကဲခြင်းတို့အတွက် ချမှတ်ထားသောမူဝါဒများနှင့် မှတ်တမ်းတင်ထားရမည်ဖြစ်ပြီး ဘဏ်၏မူဝါဒများကို ဒါရိုက်တာအဖွဲ့ကအတည်ပြုပြီး အဆင့်မြင့်စီမံခန့်ခွဲသူများက ယင်းတို့ကိုအကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါသည်။