page-loading

ဦးတည်မျှော်မှန်းချက်

နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များအား ထိန်းသိမ်းစောင့်ရှောက်မှုနှင့်အတူ စီးပွားရေးအလားအလာ ကောင်းများ မြှင့်တင်ကြိုးပမ်းလျက် တီထွင် ဆန်းသစ်သော ဘဏ္ဍာရေးဆိုင်ရာနည်းလမ်းများ၊ နည်းပညာအခြေပြုဝန်ဆောင်မှုများဖြင့် ခရီးသွားလုပ်ငန်းကဏ္ဍနှင့် အသေးစား၊ အလတ်စား စီးပွား ရေးလုပ်ငန်းကဏ္ဍများ၌ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို အားသွန်ကြိုးပမ်းဆောင်ရွက်သည့် ထိပ်တန်းငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုဖြစ်ရန်၊

vision-img
mission-img

Our Missions

  • ခရီးသွားလုပ်ငန်းကဏ္ဍ၏ မတူကွဲပြားသောလိုအပ်ချက်များနှင့် အံဝင်ခွင်ကျဖြစ်ပြီး အလုံးစုံလွှမ်းခြုံသော ငွေကြေးနှင့်ဘဏ္ဍာရေးဝန်ဆောင်မှုများ ပံ့ပိုးဆောင်ရွက်ပေးရန်၊
  • မြန်မာ့ယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေး နှင့် လူမှုအသိုက်အဝန်းဖွံ့ဖြိုးတိုးတက်ရေးအား ပံ့ပိုးကူညီဆောင်ရွက်ရန်နှင့် အစဉ်သက်ဝင်လှုပ်ရှားလျက် ရေရှည်တည်မြဲသော ခရီးသွားကဏ္ဍဂေဟစနစ်တစ်ခု ဖန်တီးဖော်ဆောင်နိုင်ရန်၊
  • ပြည်တွင်း စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် အသေးစားစီးပွားရေးလုပ်ငန်းများ၏ တိုးတက်အောင်မြင်မှုကို အထောက်အပံ့ဖြစ်စေသော ငွေရေးကြေးရေး နှင့် ကျွမ်းကျင်မှု အရင်းအမြစ်များကို လက်လှမ်းမီရယူနိုင်အောင်ပံ့ပိုးကူညီခြင်းဖြင့် ယင်းတို့၏ စွမ်းအားမြှင့်တင်ပေးရန်၊
  • ထိရောက်မှုရှိသောအတွေ့အကြုံကောင်းများတိုးမြှင့်ရရှိစေနိုင်ရေးအတွက် ခေတ်မီနည်းပညာတို့ကို မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် ပြောင်းလဲနေသော ဈေးကွက်အလားအလာ နှင့် ကပ်စတန်မာ၏ လိုအပ်ချက်များ ကို လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ပေးနိုင်ရန်နှင့် စဉ်ဆက်မပြတ် ဆန်းသစ်တီထွင်မှုများပြုလုပ်ရန်၊
  • ဒေသခံလူထုအကျိုးပြုသည့်၊ ပညာရေးမြှင့်တင်ပေးသော၊ ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းစီမံချက်များကိုပံ့ပိုးကူညီပေးသည့် လူမှုရေးတာဝန်ခံမှုဆိုင်ရာ ဆောင်ရွက်ချက်များ၌ ပါဝင်ကြိုးပမ်းဆောင်ရွက်ရန်၊
  • ဝန်ထမ်းများ၏ စွမ်းဆောင်ရည်အပြည့်အဝ အသုံးချခွင့်ရရှိစေခြင်းဖြင့် အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်တတ်မှု၊ ကျွမ်းကျင်ပိုင်နိုင်မှု နှင့် စဉ်ဆက်မပြတ်လေ့လာသင်ယူမှုတို့ကို တန်ဖိုးထားသည့် မတူကွဲပြားသောဝန်ထမ်းအားလုံး လွှမ်းခြုံပါဝင်နိုင်သည့် လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို ဖန်တီးဖော်ဆောင်ရန်၊

Our Cole values help us set the bar for good banking high

1

ယုံကြည်မှု

ကျွန်ုပ်တို့ဘဏ် နှင့် ကပ်စတန်မာများ၊ ဝန်ထမ်းများနှင့် လုပ်ငန်းမိတ်ဖက်များအကြား ရေရှည်ဆက်ဆံရေးနှင့် ယုံကြည်မှုတည်ဆောက်ရာတွင် အပြန်အလှန်လေးစားမှု နှင့် အောင်မြင်ခြင်းအား မျှဝေခံစားမှုတို့အပေါ် အခြေခံတည်ဆောက်သွားရန် ရည်မှန်းပါသည်။ ကပ်စတန်မာများ ၏စည်းစိမ်ချမ်းသာကြွယ်ဝမှုကိုရှေးရှုသော ခရီးလမ်းတွင် ယုံကြည်အားထားရသော ငွေရေးကြေးရေးမိတ်ဖက်ပါတနာ အဖြစ် ရပ်တည်သွားရန် ကတိပြုပါသည်။

2

ဆန်းသစ်တီထွင်မှု

ကျွန်ုပ်တို့ ဘဏ်၏ ဝန်ဆောင်မှုများ နှင့် လုပ်ငန်းစဉ်များ ပိုမိုကောင်းမွန်လာစေရန် နည်းလမ်းသစ်များကို စဉ်ဆက်မပြတ် စူးစမ်းရှာဖွေပြီး ဆန်းသစ်တီထွင်မှုများကို တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိပါသည်။ စျေးကွက်အလားအလာနှင့် ကပ်စတန်မာများ၏ လိုအပ်ချက်များကို လိုက်လျောညီစွာ အဆင့်ဆင့် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည့်နည်းလမ်းများဖြင့်ကြိုတင်ပြင်ဆင်မှုများပြုလုပ် ဆောင်ရွက်လျက်ရှိပါသည်။

3

ကပ်စတန်မာ ဗဟိုပြု ဝန်ဆောင်မှု

ကျွန်ုပ်တို့ ဘဏ်၏ လုပ်ငန်းဆောင်ရွက်မှုတိုင်းတွင် ကပ်စတန်မာများအားဦးစားပေးလျက် ရှေ့တန်းတင်ထားရှိပါသည်။ ယင်းတို့၏လိုအပ်ချက်များကို နားလည်အောင်ကြိုးစားပြီး မျှော်လင့်ထားသည်များ ထက် သာလွန်ကောင်းမွန်သော ရေရှည်တည်တံ့ခိုင်မြဲသည့် ဆက်ဆံရေးကို တည်ဆောက်ပေးသည့် ထူးကဲသာလွန်သောဝန်ဆောင်မှုကို ပေးဆောင်ရန် ကျွန်ုပ်တို့ ကြိုးစားကြသည်။

4

ရိုးသားဖြောင့်မတ်မှု

ကျွန်ုပ်တို့ဘဏ်၏ တုန့်ပြန်ဆောင်ရွက်မှုတိုင်းတွင် အရိုးသားဆုံး အဖြောင့်မတ်ဆုံး ကျင့်ဝတ်နှင့်အညီ ပြုမူဆောင်ရွက်မှုစံနှုန်းများအား စွဲမြဲခိုင်မာစွာ ကျင့်သုံးပါသည်။ လုပ်ငန်း၏ကဏ္ဍတိုင်းတွင် ယုံကြည်မှုနှင့် တာဝန်ယူမှုတာဝန်ခံမှုရှိခြင်းဖြင့် ပွင့်လင်းမြင်သာမှုရှိစွာ လုပ်ငန်း ဆောင်ရွက်နေပါသည်။

5

လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ဝတ္တရား

ကျွန်ုပ်တို့ဘဏ်အနေဖြင့် လူမှုအသိုင်းအဝိုင်းနှင့် ပတ်ဝန်းကျင်အား အပြုသဘောဆောင်သော အကျိုးသက်ရောက်မှု ဖြစ်စေရန် စူးစိုက်လုပ်ဆောင်ပါသည်။ တာဝန်ခံမှုရှိသောဘဏ်လုပ်ငန်းအလေ့အကျင့်များ ကို မြှင့်တင်ပေးခြင်း၊ ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းစီမံချက်များကိုပံ့ပိုးကူညီပေးခြင်း နှင့် လူမှုအကျိုးပြုတာဝန်ခံမှုဆိုင်ရာ ဆောင်ရွက်ခြင်း များကို တက်ကြွစွာပါဝင်ကြိုးပမ်းဆောင်ရွက်ပါသည်။

6

အားလုံးဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုရရှိစေရေး

ကျွန်ုပ်တို့ဘဏ်သည် “အားလုံးဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုရရှိစေရေး” ၏ အရေးပါမှုကို အလေးအနက် ယုံကြည်သည်နှင့် အညီ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့်လူ့အဖွဲ့အစည်းနှင့် လူတစ်ဦးချင်းအပါအဝင် ဘဏ္ဍာရေးဝန်ဆောင်မှုမရရှိနိုင်သေးသော လူ့အဖွဲ့အစည်းအစိတ်အပိုင်းအားလုံးအတွက် ယင်းတို့ လက်လှမ်းမီနိုင်သော ငွေကြေးဝန်ဆောင်မှုများကို ပံ့ပိုးပေးရန် ရည်ရွယ်ပါသည်။

7

ခွန်အားပေးခြင်း

ကျွန်ုပ်တို့ဘဏ်သည် ဝန်ထမ်းများအား လေးစားထားတန်ဘိုးထားရှိပြီး ဝန်ထမ်းတိုင်းအတွက် အထောက် အပံ့ဖြစ်၍ အားလုံးပူးပေါင်းပါဝင်နိုင်သော လုပ်ငန်းခွင်ပတ်ဝန်းကျင်ဖန်တီးပေးနိုင်ရန် အစဉ်တစိုက်ကြိုးပမ်းအားထုတ်လျက် ရှိပါသည်။ ဝန်ထမ်းများ လုပ်နိုင်စွမ်းရှိသလောက် တိုးတက်မှု ရရှိစေရန်၊ လေ့လာသင်ယူမှု နှင့် စွမ်းဆောင်မှုများတိုးတက်စေရန် အခွင့်အလမ်းများကိုပံ့ပိုးပေးခြင်းဖြင့် ဝန်ထမ်းများ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံဆောင်ရွက်ပေးလျက်ရှိပါသည်။