၂၀၂၄ ခုနှစ်အတွင်းစောင့်ကြည့်သွားရမည့် ထူးခြားထင်ရှားဦးဆောင်ဦးရွက်ပြုသူများ
‘ Enterprise World’ မဂ္ဂဇင်းကြီး၏ “၂၀၂၄ ခုနှစ်အတွင်း စောင့်ကြည့်သွားရမည့် ထူးခြားထင်ရှား စီးပွားရေးဦးဆောင်ဦးရွက်ပြုသူများ” မျက်နှာဖုံးဆောင်းပါး၌ “ မြန်မာ့ခရီးသွား ဘဏ်၏ အမှုဆောင်အရာရှိချုပ်ဦးဝင်းလွင်အား ဂုဏ်ပြုဖော်ပြခဲ့ပါသည်။ အဆိုပါဆောင်းပါး၌ ဦဝင်းလွင်၏ အာရုံဖမ်းစားနိုင်စွမ်းနှင့် ပြည့်နှက်နေသည့် ပုဂ္ဂိုလ်ရေးဘဝနှင့် ပရော်ဖက်ရှင်နယ် ဘဝခရီးအကြောင်းအရာများကို ရင်သပ်ရှုမောဖွယ် ဘဝဇာတ်ကြောင်းနောက်ခံများဖြင့် ဝေဝေဆာဆာ ဖော်ထုတ်ရေးသားတင်ပြထားပါသည်။
“၂၀၂၄ ခုနှစ်သည် လုပ်ငန်းပုံစံသစ်များကို တည်ဆောက်ခြင်းဖြင့် ၎င်းတို့၏ လုပ်ငန်းနယ်ပယ်ရပ်အလိုက် ပြန်လည်ဖွဲ့စည်းပုံဖော်ရန် အသင့်ဖြစ်နေကြသည့် အမြော်အမြင်ရှိသော ဦးဆောင်ဦးရွက်ပြုသူများနှင့်အတူ ခြေလှမ်းစခဲ့ပါသည်။ လူတိုင်း၏ အာရုံစိုက်မှုခံနေရသော အဆိုပါ ထူးခြားထင်ရှားပုဂ္ဂိုလ်များအနက် မြန်မာ့ ခရီးသွားဘဏ်၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးဝင်းလွင်သည် မြန်မာနိုင်ငံဘဏ်လုပ်ငန်းကဏ္ဍ၌ အပြု သဘောဆောင်သည့် အပြောင်းအလဲများကို ခြေလှမ်းသွက်သွက် အမြော်အမြင်ကြီးစွာဖြင့် ဆောင်ရွက် လျက်ရှိပါသည်။ ၎င်းအနေဖြင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများတိုးတက်စေရန်နှင့် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးအလို့ငှာ ၎င်း၏နိုင်ငံတကာအတွေ့အကြုံကောင်းများ၊ အထွေထွေကွဲပြားသည့် ငွေရေး ကြေးရေးစနစ်များအပေါ် တတ်သိနားလည်ခြင်းနှင့် စနစ်တကျ ဖွဲ့စည်တည်ဆောင်ထားသော ပရော်ဖက်ရှင်နယ် ကွန်ယက်တို့ကို အသုံးချလျက် အားသွန်ကြိုးပမ်းလျက်ရှိသူဖြစ်ပါသည်။”