Find the perfect loan to suit your needs
လက်ရောက်အပေါင်ချေးငွေ
- ရွှေ့ပြောင်းနိုင်သော ပစ္စည်းများအား အာမခံအပေါင် ပစ္စည်းအဖြစ် ပေးအပ်၍ ဤချေးငွေအမျိုးအစားကို လျှောက်ထားနိုင်ပါသည်။
အမှန်းပေါင်ချေးငွေ
- ရွှေ့ပြောင်းနိုင်သော ပစ္စည်းများ၊ လုပ်ငန်းတွင်အသုံးပြုနေသော ကုန်လက်ကျန်များအား အာမခံအပေါင် ပစ္စည်းအဖြစ် ပေးအပ်၍ ဤချေးငွေအမျိုးအစားကို လျှောက်ထားနိုင်ပါသည်။
ငွေကြေးဆိုင်ရာအဖွဲ့အစည်းများသို့ချေးငွေ
- ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများဖြစ်သော အသေးစားငွေချေးလုပ်ငန်း (Microfinance Institutions)များ၊ ဘဏ် မဟုတ်သော ငွေကြေးအဖွဲ့အစည်းများ (Non-bank Financial Institutions) များသို့ထုတ်ချေးသော ချေးငွေအမျိုးအစား ဖြစ်ပါသည်။
တင်ဒါလုပ်ငန်းချေးငွေ
- အစိုးရတင်ဒါလုပ်ငန်းများအတွက် တင်ဒါတန်ဖိုး၏ ရာခိုင်နှုန်း အချို့အား ထုတ်ချေးသော ချေးငွေအမျိုးအစားဖြစ်ပါသည်။
ကုန်ပို့လွှာချေးငွေ
- ကုန်ရောင်းသူမှသော်လည်းကောင်း၊ ကုန်ဝယ်သူ မှသော်လည်းကောင်း ကုန်ဖိုးငွေတောင်းခံလွှာ ပေါ်တွင် ပေးရန်ရှိ/ရရန်ရှိတန်ဖိုး လက်ကျန်ငွေ၏ ရာခိုင်နှုန်းအချို့ကို ထုတ်ချေးသော ချေးငွေအမျိုးအစား ဖြစ်ပါ သည်။
စီးပွားရေးလုပ်ငန်းသုံးချေးငွေ
- ချေးငွေပမာဏ ကျပ်သန်း (၅၀၀) အထက် ချေးငွေများဖြစ်ပြီး လက်ရှိဆောင်ရွက်ဆဲစီးပွားရေး လုပ်ငန်း များကို တိုးချဲ့လုပ်ကိုင်ရန်အတွက် ဤချေးငွေအမျိုးအစားကို လျှောက်ထားနိုင်ပါသည်။
ဂရင်းဖိုင်နေးဇင်းချေးငွေ
- သဘာဝပတ်ဝန်းကျင်နှင့်စီးပွားရေးလုပ်ငန်းများ၏ဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ရန်နှင့် ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချခြင်း၊ သဘာဝ အရင်းအမြစ်များ ထိန်းသိမ်းခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှုမြှင့်တင်ခြင်းနှင့် ရာသီဥတုဖောက်ပြန်မှုလျော့ပါးစေခြင်းစသည့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ရလဒ်များရရှိစေရန်အတွက် ၎င်းအားဆောင်ရွက်သောလုပ်ငန်းများသို့ ငွေကြေးထောက်ပံ့ရန် ဤချေးငွေ ကို လျှောက်ထား နိုင်သည်။
အိမ်ရာဆောက်လုပ်ရေးအရစ်ကျချေးငွေ
- အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်းကိုလုပ်ကိုင်မည့် အငယ်စားနှင့်အလတ်စား ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် မြေပိုင် ရှိသော်လည်း ဆောက်လုပ်စရိတ်မတတ်နိုင်သူများအတွက် ဤချေးငွေကို လျှောက်ထားနိုင်ပါသည်။
အာမခံချေးငွေ
- အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များအား ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ တိုးချဲ့ရာတွင် လိုအပ်သော ငွေရေးကြေးရေး အကူအညီများ ထိရောက်လျှင်မြန်စွာ ကူညီပံ့ပိုးပေးနိုင်ရန် ၊ အဆိုပါလုပ်ငန်းများမှ ဘဏ်ချေးငွေ လျှောက်ထားရာတွင် အာမခံအပေါင်ပစ္စည်းများတင်ပြရန် အဓိက အခက်အခဲများကြောင့် နှောင့်နှေးကြန့်ကြာမှုများအား တတ်နိုင်သမျှလျော့ချနိုင်ရန် လျှောက်ထားနိုင် သော ချေးငွေအမျိုးအစား ဖြစ်ပါ သည်။