About အာမခံချေးငွေ
အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များအား ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ တိုးချဲ့ရာတွင် လိုအပ်သော ငွေရေးကြေးရေး အကူအညီများ ထိရောက်လျှင်မြန်စွာ ကူညီပံ့ပိုးပေးနိုင်ရန် ၊ အဆိုပါလုပ်ငန်းများမှ ဘဏ်ချေးငွေ လျှောက်ထားရာတွင် အာမခံအပေါင်ပစ္စည်းများတင်ပြရန် အဓိက အခက်အခဲများကြောင့် နှောင့်နှေးကြန့်ကြာမှုများအား တတ်နိုင်သမျှလျော့ချနိုင်ရန် လျှောက်ထားနိုင် သော ချေးငွေအမျိုးအစား ဖြစ်ပါ သည်။
ချေးငွေပမာဏ | ချေးငွေသက်တမ်း | တစ်နှစ်အတိုးနှုန်း | ဝန်ဆောင်ခ |
အများဆုံး ကျပ်(၅၀၀)သန်းအထိ | ၁ နှစ်မှ ၃ နှစ်အထိ | ၁၀% မှ ၁၄.၅% | မြန်မာ့အာမခံသို့သာ ပေးသွင်းရန် |
ချေးငွေလျှောက်ထားရန် လိုအပ်ချက်များ
Basic Personal Documents
- လျှောက်ထားသူ၏မှတ်ပုံတင်မိတ္တူ နှင့်
- ဓာတ်ပုံ(၂” ×၂” ) ၂ပုံ။
- လျှောက်ထားသူ၏ အိမ်ထောင်စုစာရင်း။
- ရပ်ကွက်တွင်းနေထိုင်ကြောင်းထောက်ခံစာ(မူရင်း)။
Business Documents
- သက်တမ်းရှိ လုပ်ငန်းလိုင်စင်မိတ္တူ
- ကုမ္ပဏီ၏သက်တမ်းရှိ မှတ်ပုံတင်လက်မှတ် (DICA) နှင့် ကုမ္ပဏီဒါရိုက်တာအဖွဲ့ အစည်း အဝေးဆုံးဖြတ်ချက်မှတ်တမ်း။ (၎င်းအစည်းအဝေးဆုံးဖြတ်ချက်တွင် ဘဏ်မှ ချေးငွေမည်မျှ ကိုရယူမည်ဖြစ်ကြောင်းပါရှိရမည်။)
- အာမခံပေးအပ်သောချေးငွေအတွက်အာမခံပစ္စည်း၏ ပိုင်ဆိုင်မှုစာချုပ်စာတမ်းမူရင်းများ။
- ဝင်ငွေခွန် ကုန်သွယ်ခွန် ပြေစာ မိတ္တူများ(၃)နှစ်စာ။
- ငွေချေးသူကုမ္ပဏီ၏ဘဏ္ဍာရေးရှင်းတမ်း(၃)နှစ်စာ။
- Business Plan for Loan Purpose
Collateral Documents
- Collateral Related Documents (Eg. Credit Guarantee Insurance Letter)
မှတ်ချက်:
ချေးငွေလျှောက်ထားသောရည်ရွယ်ချက်နှင့် လုပ်ငန်းအမျိုးအစားပေါ်မူတည်၍ အခြားစာရွက် စာတမ်း များ ထပ်မံလိုအပ်နိုင်ပါသည်။