သဘာဝဘေးကယ်ဆယ်ရေးအလှူဒါန
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက်နေ့များအတွင်း မြန်မာ့ခရီးသွားဘဏ်၏ အမှုဆောင်အရာရှိချုပ် ဦးဝင်းလွင်နှင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့ရှိ ဘဏ်ခွဲအသီးသီးမှ စေတနာ့ဝန်ထမ်းများသည် ရေဘေးသင့် ဒေသများသို့ အစားအသောက်၊ ဆေးဝါးနှင့် လိုအပ်သော ပစ္စည်းများအား ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းခဲ့ကြပါသည်။
နေပြည်တော် (အောင်စည်သာကျောင်း) အတွင်းမှ အရေးပေါ် ကယ်ဆယ်ရေးစခန်းများရှိ ရေဘေးဒဏ်သင့် ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များနှင့် ကျေးရွာများမှ ပြည်သူများ စုစုပေါင်း (၉,၅၀၀) ဦးအတွက် အစားအစာနှင့် အရေးအပေါ်အထောက်အပံ့များ လှူဒါန်းခဲ့ကြပါသည်။
အရေးပေါ်အကူအညီလိုအပ်နေသည့် ဒေသများဖြစ်သည့် ကျီးအင်းကျေးရွာ၊ လှေကွင်းတောင်၊ မရှိခန ဘုရားကြီးနှင့် တပ်ကုန်း စသည့် နေရာများထိအရောက် သွားရောက်ပြီး ကူညီကယ်ဆယ်ရေး အထောက်အပံ့များလည်း ပေးအပ်လှူဒါန်းခဲ့ကြပါသည်။
မြန်မာ့ခရီးသွားဘဏ်အနေဖြင့် ရေးဘေးကူညီကယ်ဆယ်ရေးဆောင်ရွက်နေကြသည့် ပရဟိတ အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများသို့ လည်း ငွေကြေး လှူဒါန်းမှုများ ပြုလုပ်ခဲ့ ကြပါသည်။
မြန်မာ့ခရီးသွားဘဏ်သည် ကော်ပိုရိတ်ဆိုင်ရာ လူမှုတာဝန်ယူမှုဆောင်ရွက်မှုများအနေဖြင့် အခြားသော သဘာဝဘေးဆိုင်ရာကူညီ ကယ်ဆယ်ရေး လုပ်ငန်းများအား ဆက်လက် ပံ့ပိုးကူညီဆောင်ရွက်သွားရန် သံဓိဌာန်ချထားပြီးဖြစ်ပါသည်။