page-loading

News And Events

Discover the news that tailored to your needs at promoting tourism development, supporting tourism-related activities, contributing to social welfare, and participating in various events that benefit our communities.

MOU – MTB & MTTA

မြန်မာ့ခရီးသွားဘဏ်(Myanma Tourism Bank – MTB) နှင့် မြန်မာနိုင်ငံခရီးသွားသယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်း(MTTA)တို့ နားလည်မှုစာချွန်လွှာတွင် လက်မှတ်ရေးထိုးခြင်း ရန်ကုန်၊ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက် – မြန်မာ့ခရီးသွားဘဏ်( Myanma Tourism Bank – MTB) နှင့် မြန်မာနိုင်ငံခရီးသွားသယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်း (MTTA)တို့သည် အနာဂတ်လုပ်ငန်းများဆိုင်ရာနာလည်မှုစာချွန်လွှာ (MOU)တွင် လက်မှတ်ရေးထိုးကြောင်းကြေငြာခဲ့ပါသည်။ မြန်မာ့ခရီးသွားဘဏ်အနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသောငွေကြေးမူဝါဒဆိုင်ရာ (Monetary Policy)များကိုအောင်မြင်စေရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်ချက်များနှင့်အညီအကောင်းအထည်ဖော်ဆောင်ရွက်၍ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတတ်စေရေးအားတစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီရန်အတွက် ပြည်တွင်းပြည်ပခရီးသွားသယ်ယူပို့ဆောင်ရေးကဏ္ဍပိုမိုဖွံ့ဖြိုးစေရေးအားကူညီပံ့ပိုးဆောင်ရွက်ပေးရန် ရည်ရွယ်ပါသည်။ မြန်မာနိုင်ငံခရီးသွားသယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းအနေဖြင့် ယင်းတို့၏ အသင်းဝင်ကုမ္ပဏီများ၏ ကျဆင်းလျက်ရှိသောပြည်တွင်းပြည်ပခရီးသွားများသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင် မြန်မာ့ခရီးသွားဘဏ်၏ ငွေကြေးအထောက်အပံ့များရရှိခြင်းဖြင့် ကုမ္ပဏီများ၏ ဆက်လက်ရပ်တည်မှုကိုပိုမိုခိုင်မာစေရန်နှင့် နိုင်ငံ၏ခရီးသွားကဏ္ဍကိုပိုမိုတိုးတတ်လာစေရန် ဖြစ်ပါသည်။ မြန်မာ့ခရီးသွားဘဏ်အကြောင်းအကျဉ်းဖော်ပြချက် ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်လုပ်ငန်းများလုပ်ဆောင်ရန်လိုင်စင်ရရှိခဲ့သောပုဂ္ဂလိကဘဏ်များထဲမှ တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံရှိခရီသွားလုပ်ငန်းများနှင့် smeများအားအထောက်အကူပြုပြီးဆိုင်ရာအခန်းကဏ္ဍမှ ပါဝင်ကာနိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် အလေးထားသောမြန်မာ့ခရီးသွားဘဏ်သည် လက်ရှိတွင် ဘဏ်ခွဲ (၆)ခုဖြင့် မိဘပြည်သူများအားဘဏ်လုပ်ငန်းဝန်ဆောင်မှုများပေးလျက်ရှိပါသည်။ ထို့အပြင်ဘဏ်လုပ်ငန်းများအတွက် အဆင်ပြေလွယ်ကူစေရန် ထုတ်ကုန်အသစ်များအပါအဝင် retail နှင့် corporate banking များကိုပါ တိုးချဲ့ဝန်ဆောင်မှုပေးနိုင်ရန် ကြိုးစားလျက်ရှိသည်။ အခြားသတင်းအချက်အလက်များထပ်မံသိရှိလိုပါကhttps://www.facebook.com/MyanmaTourismBankတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ မြန်မာနိုင်ငံခရီးသွားသယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းအကြောင်း အကျဉ်းဖော်ပြချက် မြန်မာနိုင်ငံခရီးသွားသယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းအား၂၀၁၁ခုနှစ်၊ ဧပြီလတွင်စတင်ဖွဲ့စီးခဲ့ပြီး၂၀၁၆ခုနှစ် ဩဂုတ်လ ၉ ရက်နေ့တွင် မြန်မာနိုင်ငံခရီးသွာသယ်ယူပို့ဆောင်ရေးကဏ္ဍအားပိုမိုတိုးတတ်ပြီးနိုင်ငံတစ်ကာအဆင့်မှီဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်၍ အလုပ်အမှုဆောင်များပြန်လည်ရွေးချယ်ပြီးအသင်းလုပ်ငန်းများဆောင်ရွက်ကာ၂၀၁၇ခုနှစ်၊ စက်တင်ဘာလ ၁၈ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့မှ ပေးအပ်သောပြည်တွင်းအသင်းအဖွဲ့ မှတ်ပုံတင်လက်မှတ်ရရှိခဲ့ပါသည်။အခြားသတင်းအချက်အလက်များထပ်မံသိရှိလိုပါက https://www.facebook.com/ygn.mtta တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ဆက်လက်ဖတ်ရှု့ရန်read-more-arrow
Bank Introduction Services

မြန်မာ့ခရီးသွားဘဏ်၏ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများမိတ်ဆက်ခြင်းနှင့် ညစာစားပွဲအခမ်းအနား မြန်မာ့ခရီးသွားဘဏ်၏ ဝန်ဆောင်မှုများကို IBPC အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အဖွဲ့အဝင်များသို့ မိတ်ဆက်ခြင်းနှင့် ညစာစားပွဲအခမ်းအနားကို သြဂုတ်လ ၇ ရက်နေ့ညက Pan Pacific Hotel တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် International Business Promotion Centre (IBPC) ဥက္ကဋ္ဌ ဦးအိုက်ထွန်းကအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာ့ခရီးသွားဘဏ်ဥက္ကဋ္ဌ ဦးရန်ဝင်းက အခမ်းအနားနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး မြန်မာ့ခရီးသွားဘဏ် ဒုတိယက္ကဋ္ဌ ဦးသိန်းဟန်ကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာ့ခရီးသွားဘဏ် ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဦး Andrew Khant က မြန်မာခရီးသွားဘဏ်၏ ဝန်ဆောင်မှုများကို ရှင်းလင်းမိတ်ဆက်ခဲ့ပြီး တက်ရောက်လာသော ဧည့်သည်တော်များအားမြန်မာ့ခရီးသွားဘဏ်ဝန်ထမ်းများမှ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများပေးအပ်ခဲ့ပါသည်။

ဆက်လက်ဖတ်ရှု့ရန်read-more-arrow